လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ အမျိုးသမီးများအကြမ်းဖက်မှုဆိုင်ရာ ကာကွယ်ရေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ အမျိုးသမီးများအကြမ်းဖက်မှုဆိုင်ရာ ကာကွယ်ရေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။

ရှေးဦးစွာ လမ်းမတော်မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နောင်ဖြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်သန်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် အမျိုးသမီးများအကြမ်းဖက်မှုဆိုင်ရာ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာနီနီအေးမှ သွေးလွန်တုပ်ကွေးရောဂါတားဆီးကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်