ကွန်ဟိန်း မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အမှတ် (၅) ရပ်ကွက်ရှိ နားဆည်ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်တို့က မိမိတို့ဌာနမှ ပြည်သူများအားဝန် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအကြောင်းကို အသိပညာပေးဟောပြောခြင်း၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ရဲတပ်ဖွဲ၊ ဒုတိယရဲမှူး သန်းဝင်းမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးက မြို့သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်မာအေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်မောင်ရွှေက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး မိဘများ ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိ၊ မြို့ဖ ဦးခင်မောင်လတ်မှ ရှမ်းဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)