မုဒုံမြို့၌ ကျောင်းစာကြည့်တိုက်များရှင်သန်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မုဒုံ မေ ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျောင်းစာကြည့်တိုက်များ ရေရှည်ရှင်သန်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လာမည့်ကျောင်းဖွင့်ရာသီတွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းများ စနစ်တကျဆောင်ရွက်တက်စေရန်၊ စာကြည့်တိုက်များကိုရေရှည်တည်တံ့ခိုင်မာစေပြီး စာကြည့်တိုက်မှူးကောင်းများလိုအပ်ကြောင်းနှင့် စာကြည့်တိုက်ဆိုင်ရာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းစာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)