ရွှေပြည်သာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခြင်းများအား အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်

ရွှေပြည်သာ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းတွင် မိုးရွာသွန်း၍လေပြင်းများတိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။ သစ်ပင်များပြိုလဲခြင်းများဖြစ်ပေါ်ခဲ့သော အမှတ်(၅)ရပ်ကွက် မြတ်လေးပန်းခြံနီလာလမ်းတွင် သစ်ပင်ပြိုလဲ၍ နေအိမ်ပိနေကြောင်းသတင်းရသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၀)ဦးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ အမှတ်(၁၀)ရပ်ကွက် လှိုင်ဘွဲ့လမ်းမပေါ်တွင် လုံးပတ်(၄)ပေ အမြင့်ပေ(၃၅)ရှိ ကုက္ကိုပင်လဲကျရာ နေအိမ်ပိနေမှုအားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက် ငွေလမ်းတွင်  လုံးပတ်(၄)ပေ အမြင့်(၃၀)ပေရှိ လဲမှို့ပင် လဲကျရာဓာတ်ကြိုးများပိနေကြောင်းသတင်းရသဖြင့် အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)