လှည်းကူးမြို့နယ်တွင် မြို့နယ်ကိုယ်စားပြု ဘင်ခရာသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လှည်းကူး မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုဘင်ခရာသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း( မြို့မ) တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဘင်ခရာသင်တန်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က ဘင်ခရာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဘင်ခရာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)၏ သင်တန်းသား/သူများအား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဘင်ခရာနည်းပြဆရာ ဦးညွန့်ခင်( ဌာနစိတ်မှူး)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို မတ်လ (၄) ရက်နေ့မှ မေလ (၁၀)ရက်နေ့အထိ သင်တန်းသား/သူ (၆၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)