ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားမှ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

ညောင်ဦး မေ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က တောင်ဇင်းအုပ်စု၊ လေးတဲစုတဲတိုက်နှင့် နတ်ပလင်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတ မိသားစုမှ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း တောင်ဇင်းအုပ်စု၊ လေးတဲစုတဲတိုက်အတွက် သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် နတ်ပလင်ကျေးရွာအတွက် သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း၊ အေးမေတ္တာရေအလှူတော်အသင်းတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း