ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ

ကျောက်ဆည် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက အင်တိုင်းကျေးရွာအုပ်စုတွင် နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စုနေ ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်၍ ဇီဝဆိုင်ရာ (Biometric) အချက်အလက်များ စာရင်းကောက်ယူ၍ (Database)တွင် သိမ်းဆည်းကာ (Unique ID) နံပါတ်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)