ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ပုံပါကျင် မေ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်လာစေရန် သင်္ချာစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့် ကလေးများကို အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကို ပုံပါကျင်မြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)