ဒဂုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်း

ဒဂုံ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိသည့်ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးလျက်ရှိရာ  ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ငှားရမ်းပေးခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက  အပတ်စဉ်လှည့်လည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သုတ/ရသစာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့ပြီး ရက်သတ္တပတ်ပြည့်ပါက စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)