၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် Smart Village စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး၊ ရန်‌ပုံငွေထူထောင်ခြင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်  VDP စီမံကိန်း ကျေးရွာများ ရွေးခြယ်ခြင်း အခမ်းအနားကျင်းပ

စဉ့်ကိုင် မေ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နမ့်စန်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Smart Village စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး၊ ရန်‌ပုံငွေထူထောင်ခြင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်  VDP စီမံကိန်းကျေးရွာများ ရွေးခြယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်‌ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မီမီအောင်က ယခင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့သည့် စီးမံကိန်း‌ကျေးရွာများနှင့် ယခု ၂၀၂၄-၂၀၂၅ ဘ‌ဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွာမည့် ဦးစားပေးကျေးရွာများအလိုက် လျာထားသတ်မှတ်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း‌ရေးဆွဲ အကောင်အထည်ဖော်‌‌ဆောင်ရေးကော်မတီများမှ အဖွဲ့ဝင်များက  Smart Village စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံ‌‌ငွေထူထောင်ခြင်းတို့အတွက် ထန်းသုံးပင်ကျေးရွာ ကိုလည်းကောင်း၊ မြစိမ်း‌ရောင်စီမံကိန်းအတွက် အိုးရွာကျေးရွာကိုလည်း‌ကောင်း၊‌ ကျေးလက်ဒေသဖွံ့ဖြိုးရေး (VDP)စီမံကိန်းအတွက် ဆီဆုံကျေးရွာအုပ်စု အိုးထိန်းတောင်ကျေးရွာ၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်ရွာ(တောင်ပိုင်း)၊ မုန့်ပေါင်းကျေးရွာအုပ်စု ရှမ်းရွာလေးကျေးရွာ၊ သစ်‌ခေါက်ကျေးရွာအုပ်စု စွယ်စုံကျေးရွာ၊ ပလိပ်အုပ်စု အင်းနားကျေးရွာ (အရှေ့ပိုင်း)နှင့် တောင်းရင်းကျေးရွာအုပ်စု တောင်ရင်း‌‌ကျေးရွာတို့ကိုလည်း‌ကောင်း အတည်ပြု ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)