မတ္တရာ မေ ၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ ကလေးအလုပ် သမားများကို အဆိုးဝါးဆုံး ပုံစံဖြင့် ခိုင်းစေခံရခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ်တွေကို အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်း၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)