တာချီလိတ် မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်၊ မိုင်းဖြတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်၊ မိုင်းယောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ဇော်လင်း၊ တာချီလိတ်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဦးမြသိန်းတို့က စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အဓိပ္ပာယ်နှင့် အမျိုးအစားများ၊ စာကြည့်တတိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစု၊ စာပြု၊ မျိုးတူစုပြုခြင်းများ၊ စာဌားစနစ်၊ ရည်ညွှန်းလုပ်ငန်းများ၊ DLMS ရေးသွင်းခြင်း၊ စာကြည့်တိုက်များလွှဲပြောင်းလက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း၊ စာကြည့်တိုက်ဥပဒေနှင့် နည်းဥပဒေများ၊ စာကြည့်တိုက်အောင်မြင်ရေးနှင့် တာဝန်ဝတ္တရားများကို မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပို့ချ သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ တာလေမြို့၊ ကျိုင်းလပ်မြို့နှင့် မိုင်းယုမြို့ရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)