စမ်းချောင်းမြို့နယ်၌ မြို့နယ်ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စမ်းချောင်း မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များနှင့်‌ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ () နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဖိုးတန်သတ္တူ (ရွှေ) လုပ်ငန်းရှင်များ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးဥက္ကဋ္ဌ ဦးဘ၀င်းနှင့်အဖွဲ့၀င်များက မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရွှေလုပ်ငန်းရှင်များ ကြုံတွေနေရသည် အခက်အခဲများအား တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ရွှေလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများနှင့်ပတ်သတ်၍ အသီးသီးဆွေးနွေးခဲ့ကြရာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)