ကျိုင်းတုံမြို့၌ စာပေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့က စာပေဆိုင်ရာဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြည်သူများ အားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးမျှဝေနိုင်ရေး စာအုပ်စာစောင်ချစ်မြတ်နိုးသူအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ဌာနမှ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ကျိုင်းတုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များက ရန်ကုန်ဘဆွေရေးသားသည့် မြန်မာပြည်သားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပနိုင်ရေးနှင့် စာပေဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)