ထန်းတပင်(ရန်ကုန်) မေ ၉
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက်အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ Sanyuan Oversea Two (Myanmar) အထည်ချုပ်စက်ရုံ၊ Xin He Myanmar Packing Material စက္ကူပုံးစက်ရုံနှင့်Teng Hui (Myanmar) Knitted Wear သိုးမွှေးထိုးစက်ရုံတို့တွင်ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးရာတွင်လည်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လှိုင်သာယာစက်မှုဇုန်မှ ဦးစီးအရာရှိဦးဝင်းသူနှင့် မှော်ဘီမြို့နယ်ရုံးမှ ဦးစီးအရာရှိဦးကျော်စိုးသူတို့က အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုအသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် အလုပ်ရှင်အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကိုသိရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏ စီးပွားရေးကဏ္ဍများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)