ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားမှ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

ညောင်ဦး မေ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရွှေလှိုင်းကျေးရွာနှင့်ညောင်လှကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ရွှေလှိုင်းကျေးရွာအတွက် သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် ညောင်လှကျေးရွာအတွက် သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း၊ အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း