အမရပူရ မေ ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် ကိုင်ဆောင်သင့်သော ကတ်တမျိုးမျိုးရရှိနိုင်ရေးအတွက် အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ပန်းခင်းစီမံချက် ၃ ဖြင့် အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အမရပူရမြို့နယ်အတွင်း ပန်းခင်းစီမံချက် ၃ ဖြင့် လူဦးရေ ၁၁၈၀၃ ဦးကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယနေ့အချိန်ထိ ၄၀၀၀ဦးကျော် ဆောင်ရွက်ပြီးကြောင်း သိရသည်။ ပန်းခင်းစီမံချက် ၃ ဖြင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်မင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်း ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာများသို့ စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် ရုံးဖွင့်ရက်များပါ ကွင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကျန်ရှိသောလူဦးရေများကို သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
ပန်းခင်းစီမံချက် ၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိုးတော်ရပ်ကွက်မှ ဦးမျိုးလွင်က ယခုလိုရပ်ကွက်အရောက် လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း အချိန်မကုန်တစ်နေရာတည်းမှတ်ပုံတင်မရှိသေးသည့်သူများကို ဓာတ်ပုံဖိုးမှအပ အခမဲ့ဆောင်ရွက်ပေးသည့်အတွက် ရပ်ကွက်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
စိုးသီဟ(အမရ)