ပုဇွန်တောင် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စားသုံးဆီစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် စားသုံးဆီကိုယ်စားလှယ်များနှင့် ဈေးတွင်း/ဈေးပြင် လက်လီရောင်းချလျက်ရှိသော ဆီဆိုင်များမှ တာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေး၊ (ဘီ)ရုံ အပေါ်ထပ်ရှိ ဈေးတာဝန်ခံရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်စားသုံးဆီစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က စားသုံးဆီဖြန့်ဖြူးရောင်းချသည့် စားသုံးဆီ ကိုယ်စားလှယ်များနှင့် ဈေးတွင်း/ဈေးပြင် လက်လီ ရောင်းချလျက်ရှိသော ဆီဆိုင်များမှ တာဝန်ခံများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ (၁/ ၂၀၂၂) အား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များနှင့် မြို့နယ်အတွက် စားအုန်းဆီခွဲတမ်းရရှိမှု၊ ၎င်းခွဲတမ်းများအား ပြန်လည်ဖြန့်ဝေမှု၊ တရားမဝင်ဆီ သိုလှောင်ရောင်းချမှု၊ ဖြန့်ဝေမှုများမရှိစေရေး၊ ဈေးသာယာရေးနှင့်ဈေးအတွင်း မီးဘေးလုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား ဂရုပြုဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ပုဇွန်တောင်မြို့နယ်စားသုံးဆီစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပုဇွန်တောင် ဈေးတာဝန်ခံများ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် စားသုံးဆီ ကိုယ်စား လှယ်များနှင့် ဈေးတွင်း/ဈေးပြင်လက်လီရောင်းချလျက်ရှိသော ဆီဆိုင်များမှ တာဝန်ခံများ တက်ရောက်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်စားသုံးဆီစိစစ်ရေးအဖွဲ့အနေဖြင့် စားသုံးဆီများ သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချမှုရှိစေရန်အတွက် ဆိုင်များအရောက် သွားရောက် စစ်ဆေးခြင်း၊ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဟန်စုယဉ်