သာကေတ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်မှ ညနေ (၃) နာရီခွဲအချိန်အထိ ၁၀/တောင်ရပ်ကွက်၊ ရှု့ခင်းသာမြို့ပတ်လမ်းရှိ J@M Steel solutions Co;Ltd (သံမဏိ၊ သံဘောင်ထုတ်လုပ်သည့်စက်ရုံ) နှင့် Tet Lann Concrete Co;Ltd (ကွန်ကရစ် အဖျော်စက်ရုံ) များ၌ Mobile traning Bus ဖြင့် အရောက်သွားကာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာများနှင့် အလုပ်သမားဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ၌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေး၊ ဒေါပုံ/ သာကေတမြို့နယ်ရုံး (တာဝန်ခံ) ဦးစီးအရာရှိ၊ ဒေါ်ဝင်းရတနာဦးတို့မှ ၁၉၅၁-ခုနှစ် အလုပ်ရုံများ အက်ဥပဒေပါ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ၁၉၅၁-ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေ၊ နည်းဥပဒေပါ အလုပ်သမားများရပိုင်ခွင့်များ၊၂၀၁၆-ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေပါပြဋ္ဌာန်းချက်များ ခေါင်းစဥ်ဖြင့်လည်းကောင်း သင်ထောက်ကူပစ္စည်းများပါဝင်သည့် Mobile Traning Bus ပေါ်၌ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)