ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲများ စတင်ပေး

ချောင်းဆုံ      နိုဝင်ဘာ        ၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျင်းပပြုလုပ်သည့်  ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ဒေသခံပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများ ဆန္ဒမဲပေးရာတွင် ပွင့်လင်းမြင်းသာမှု ရှိစေရန်အတွက် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက စောင့်ကြည့်ရေး ကိုယ်စားလှယ်၊ မဲဆန္ဒရှင်ပြည်သူများ ၏ ရှေ့မှောက်တွင် မဲပုံး အလွတ်ဖြစ်ကြောင်း ပြသခြင်း၊ မဲပုံးအား လုံခြုံရေးကြိုး ပိတ်ခြင်းတို့ကို ဆောင်ရွက်ကာမဲရုံဖွင့်လှစ်ခဲ့ပြီး မဲရုံအသီးသီးသို့ လာရောက် ဆန္ဒမဲပေးသူ များကိုလည်း ကိုဗစ်−၁၉ ကာကွယ်နိုင်ရေးအတွက် ကျန်းမာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ချောင်းဆုံမြို့နယ် ရပ်ကွက်၊ ကျေးရွာ (၄၆) အုပ်စုရှိ မဲဆန္ဒနယ်မြေ (၂) ခုတို့တွင် မဲရုံ (၇၅) ရုံဖွင့်လှစ်ထားပြီး နိုင်ငံရေးပါတီ (၅) ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယဉ်ပြိုင်ကြမည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ဦးရေ (၁၃၂,၅၅၂) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကေအေ(ချောင်းဆုံ)