အလုံမြို့နယ် လူထုအေခြပြုဗဟိုဌာန(Community Centre)၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အလုံ မေ ၉

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ်ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဦးအောင်စိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖြစ်မြောက်ရေးအတွက်ကူညီပံ့ပိုးသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းအထိမ်းအမှတ် ပန်းချီးပြိုင်ပွဲတွင်ဆုရှိသူများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအားဆုချီးမြှင့်ခြင်း၊ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရှိရပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()၊ မြို့နယ်ပညာရေးမှူး၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မိဘများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)