မိုးနဲမြို့နယ်၌ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စီမံကိန်းကျေးရွာများရွေးချယ်

မိုးနဲ မေ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စီမံကိန်းကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးက ဦးစားပေးကျေးရွာများ အလိုက်လျာထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစိမ်းရောင်စီမံကိန်းအတွက် မိုက်ဟိုင်းကျေးရွာအုပ်စုတွင် ဘုရားဖြူကျေးရွာနှင့် ဟဲကေကျေးရွာ၊ ကုန်းလွန်းကျေးရွာ အုပ်စုတွင် လွိုင်ချိုနှင့်ဆွန်မွန်းကျေးရွာ၊ နောင်လိုင်‌ကျေးရွာအုပ်စုတွင် ပန်ယောင်ကျေးရွာ စသည့်ကျေးရွာ ငါးရွာကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအတွက် ကွန်နားကျေးရွာအုပ်စုတွင် ဆွမ်မရမ်းကျေးရွာ၊ ဝမ်နားကျေးရွာအုပ်စုတွင် နားမွန်းကျေးရွာနှင့် နားအွန်‌ကျေးရွာ၊ ဟိုဟကျေးရွာအုပ်စုတွင် နားကဲ့ကျေးရွာနှင့်နားပုံးကျေးရွာ စသည့်ကျေးရွာ ငါးရွာကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်းအတွက် နောင်မြိုင်းကျေးရွာအုပ်စုတွင် ကင်တုံကျေးရွာ၊ နားခံကျေးရွာအုပ်စုတွင် နားခံကျေးရွာ၊ မိုက်ဟိုင်းကျေးရွာအုပ်စုတွင် နမ့်မော်လေ၊ မယ်ဇလီမြိုင်၊ ဆိုင်းဖယ်ရွာသစ်ကျေးရွာ စသည်ကျေးရွာ ငါးရွာကိုလည်းကောင်း အတည်ပြုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ