သီပေါမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

သီပေါ မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွှေကျောင်းပဋိပတ္တိသာသနာ့ရိပ်သာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့နံနက် (၉) နာရီခွဲက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက တပ်ဖွဲ့ရေးရာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကာ သီပေါမြို့ မေတ္တာမွန်ပရဟိတအသင်းအဖွဲ့သို့ Oxygen Regulator များ ပေးအပ်လှူဒါန်းခြင်း၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းနှင့် အခမ်းအနားတက်ရောက် လာသူများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းတို့ကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)