ရပ်စောက်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရပ်စောက် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများ၊ အလုပ်မအား၍ စာအုပ်လာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို စာဖတ်ပရိသတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်ထံမှ သိရသည်။

ထို့နောက် ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ (Mobile Library) စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား စာအုပ်စာစောင်ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်