တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် အပူဒဏ်ကာကွယ်ရေးအကြောင်းပြသ

တံတားဦး   မေ   ၈

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ နေ့စဉ်ထုတ်သတင်းသတင်းစာများ၌ ပြည်သူများလေ့လာသင့် အကြောင်းအရာများ၊ မြို့နယ်ရုံးလှုပ်ရှားမှုများ ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်း မြေစိုက်နံရံကပ်ပြဘုတ်တွင် အပူဒဏ်ကာကွယ်ရေး အကြောင်းအရာများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်း သိရသည်။

အပူဒဏ်ကာကွယ်ရေးအကြောင်း နံရံကပ်ပြဘုတ်တွင် နွေရာသီ၌ ပြည်သူများ  တွေ့ကြုံခံစားနေရသည့် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများ၊ အပူဒဏ်ကြောင့်ဖြစ်တတ်သည့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြောထိခိုက်ခြင်း သွေးတိုးခြင်း ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါကကာကွယ်နိုင်မည့် နည်းလမ်းများ၊ စားသုံးသင့်သည်း အစားအစာများ၊ ပြည်သူများအနေဖြင့်  နေအပူရှိန်မြင့်တက်ချိန်တွင် မဖြစ်မနေ အိမ်အပြင်ထွက်ရပါက  အပူဒဏ်ကာကွယ်နိုင်ရန် ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် အင်္ကျီလက်ရှည် ဝတ်ဆင်ကြရန်၊ ရေများများသောက်ကြရန်၊ အေးမြ၍ အရိပ်ကောင်းသောနေရာများ နေထိုင်ကြရန်၊ အရည်ရွှမ်းသော အသီးအနှံများ စားသုံးကြရန်၊  ပူပြင်းမှုအကျိုးဆက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိင်သည့် ဘေးအန္တရာယ်များ၊ ဆောင်ရန်၊ ရှောင်ရန်များစသည့် အသိပညာပေးအကြောင်းအရာများပါဝင်သော နံနရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)