ပြင်ဦးလွင် မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီအချိန်က “ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် ပြင်ဦးလွင်မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုးနှင့် ခရိုင်ကြက်ခြေနီအသင်း တပ်ဖွဲ့၀င် ဒေါ်ကြူကြူတို့က ကမ္ဘ့ာကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီ အမှတ်တံဆိပ်အကြောင်း၊ ကြက်ခြေနီအသင်း၏ အခြေခံမူများ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးကာ ဟောပြောပွဲတက်ရောက်သူ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)