ပြင်ဦးလွင် မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၇၀၀) ရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲတွင် တာဝန်ရှိသူများက ကျန်းမာရေးအသိပညာများ ဟောပြောခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဉက္ကဋ္ဌ ဦးအောင်သင်းမှ ဦးဆောင်ကာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကြက်ခြေနီအသင်းသူ၊ အသင်းသားများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စုစုပေါင်း(၅၀)ဦးတို့သည် ကျန်းမာရေးစစ်ဆေးချက်များကို သေချာစွာ အစစ်ဆေးခံယူလျက်ရှိပြီး မိမိတို့၏စင်ကြယ်သောသွေးများကို စေတနာအပြည့်ဖြင့် ဝေဒနာရှင်ပြည်သူများအတွက် ပါဝင်လှူဒါန်းခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)