အလုံ မေလ ၈
သူနာပြုတက္ကသိုလ်၊ ရန်ကုန်တတိယနှစ် သူနာပြုသိပ္ပံ (ပုံမှန်) (၁/၂၀၂၄) သင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ Semester I NUCO 2391: COMMUNITY HEALTH NURSING RACTICE 3 ဘာသာရပ်အား လာရောက်လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။
ထို့သို့လေ့လာရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ်က Semester I NUCO 2391: COMMUNITY HEALTH NURSING RACTICE 3 ဘာသာရပ်အတွက် မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုင်ရာ ဖွား/ သေဆောင်ရွက်မှု လုပ်ငန်းစဉ်များအကြောင်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)