ဂွ မေ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ Grammarကို အခြေခံမှစ၍ သင်ယူတတ်မြောက်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံအခမဲ့သင်တန်း၊ ဒုတိယနေ့ကို ယနေ့နေ့လယ် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက သင်ကြားပေးလျက်ရှိပြီး ယနေ့ ဒုတိယနေ့တွင် Eight. Parts of Speech(ဝါစင်္ဂ- ၈မျိုး)နှင့်ပတ်သက်၍ သင်တန်းအား သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းကို မေလ၂၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် Grade-4မှစ၍ Grade-7အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်