ချောင်းဆုံ မေ ၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မေလ (၇) ရက်နေ့က ကွမ်သဲကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် သောက်သုံးရေ (၆၄၀၀) ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများ ကွင်းဆင်းလှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ် (၂) စီးဖြင့် ကွမ်သဲကျေးရွာတွင်သောက်သုံးရေ (၃၂၀၀) ဂါလန်နှင့် ဘိုးနက်ကျေးရွာတွင် သောက်သုံးရေ (၃၂၀၀) ဂါလန် စုစုပေါင်း (၆၄၀၀) ဂါလန်တို့ကို ကျေးရွာများရှိရေလှောင်ကန်နှင့် နေအိမ်များအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)