ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းပြုလုပ်

သင်္ဃန်းကျွန်း ဧပြီ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများအသင်း  ( Book Club )  တို့ ပူးပေါင်း၍ ဆရာမ ပေါက်ပေါက် ရေးသားသည့်" စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀း၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ စာရေးဆရာမပေါက်ပေါက်က  "  ဆရာမ ပေါက်ပေါက် ရေးသားသည့်" စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ “ စာအုပ်တွင်ပါရှိသည့် လူတိုင်းတွင် ဝါသနာအမျိုးမျိုးရှိကြရာ စာဖတ်ခြင်းဟူသည့် အလေ့အထမရှိကြသူများလည်း လူ့အသိုင်းအဝိုင်းတွင်ရှိကြရာ မည်သူကိုမျှအပြစ်မဆိုပါ။ စိတ်ကိုအပန်းဖြေကြရာ ရေဒီယိုနားထောင်ခြင်းဖြင့် စိတ်အာရုံကိုအပန်းဖြေစေနိုင်သလို စာဖတ်ခြင်းဖြင့်လည်း စိတ်ခွန်အားပေးနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်တွင် ရေးသားထားသည့် " စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ၊ ဘယ်တော့မှစိတ်ဓါတ်မကျနဲ့ ဆောင်းပါးပါအကြောင်းအရာများကို ဖတ်ပြဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက မိမိတို့ တွေ့ကြုံ‌ရသည့် အတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(ခရိုင်ပြန်/ဆက်)