မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာ‌စောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်

မိုင်းတုံ မေ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က မြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တက်သည့် အ‌လေ့အကျင့်‌ကောင်းများဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ပြသ‌ပေးပြီး‌နောက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲဝင်ကလေးငယ်များမှာ‌ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်ဆက်)