မန္တလေး မေ ၇
မေလ ၅ ရက်နေ့က ကျရောက်သော (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘုံဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံးအရှေ့တွင် ပြုလုပ်ခဲ့သည်။
ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် (၁၅၁)အကြိမ်မြောက် ဘုံဆွမ်းလောင်းလှူခြင်းကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃) တပ်ခွဲမှူး မောင်မောင်(ခ)ဇော်ဝင်းအောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်တော်မူကြသော သံဃာတော်အပါး ၁၀၀ ကျော်တို့အား ဆွမ်း၊ ဝက်သားချက်၊ ကုလားပဲနှပ်၊ ငါးလေးခြောက်ကြော်၊ ငရုတ်သီးကြော်၊ ပဲတီချဉ်သုပ်၊ ကန်ဇွန်းရွက်ကြော်စသည့် ဆွမ်း၊ ဆွမ်းဟင်းများဖြင့် ကုသိုလ်ပြုလောင်းလှူကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)