ပျော်ဘွယ် မေ ၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉)နာရီက မိုးနံကုန်းကျေးရွာ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီကလေးအလုပ်သမား ဘဝသို့မရောက်စေရန်အတွက် မိဘများမှသတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစီးပေးသင့်သည့်အခြေအနေများ၊ မိဘနှင့်သားသမီးကြားဆက်ဆံရေး အကြောင်းအရာများ၊ ကလေးငယ်များလမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကြောင်းပေးရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်အသိပညာပေး နံရံကပ်စာစောင်ကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)