မန္တလေး မေ ၇
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄) (World Immunization Week) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူးများ၊ သူနာပြုများ တက်ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် Video clip ပြသပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြသည်။။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြပြီး အသက်(၁)နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို အားပေးကြည့်ရှုကြကာ ကလေးများအား လက်ဆောင်ပစ္စည်းပေးအပ်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)