လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

လှိုင်သာယာ(အရှေ့ပိုင်း)  မေ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာအုပ်စု၊ (၅၅၅) သဲကွင်းတွင် ကျူးကျော်နေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများစိစစ်ထုတ်ပေးဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့်ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇိဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူ၍ One Stop Service ဖြင့်  စက်မှုဇုန်ကနောင်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦး​​မောင်မောင်သန်း၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌဦးသန့်ဇင်နှင့်အဖွဲ့၀င်များ၊ လှိုင်သာယာအရှေ့ပိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်နိုင်ငံသားစိစစ်ရေးအဖွဲ့ (၅) ဦး ကော်မတီအဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ (၂၀၀) ဦးခန့် တက်ရောက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှုတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေ အစောင်(၇၀)နှင့် နိုင်-၃(က)(၄၃) ဦးနှင့် နိုင်-၆(က) (၆၇) ဦးတို့အား စိစစ်ထုတ်ပေးဆောင်ရွက်ပြီး နိုင်ငံသားကတ်ရရှိသူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်များကိုဝန်ထမ်းများမှ ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ( ပြန်/ဆက်)