စဉ့်ကူးမြို့နယ်တွင် အခြေခံပညာသင်ရိုးသစ် (Grade-10 နှင့် Grade-11) ကျောင်းတွင်းစစ်(ပြင်ပဖြေ)စာမေးပွဲဖြေဆို

စဉ့်ကူး မေ ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲကို စဉ့်ကူး(အ.ထ.က) ကျောင်း၌ ပထမနေ့မြန်မာစာဘာသာရပ်အား ယနေ့နံနက်(၉)နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။

ယနေ့ဖြေဆိုသည့် ပထမနေ့စာမေးပွဲတွင် (Grade-10နှင့် Grade-11) စာရင်းပေးသွင်းထားသူ ကျောင်းသား (၁၄)ဦးနှင့် ကျောင်းသူ (၁၃)ဦီး၊ စုစုပေါင်း (၂၇)ဦီးရှိရာ ဖြေဆိုသူကျောင်းသား (၂၆)ဦီးရှိပြီး ပျက်ကွက်ကျောင်းသား (၁)ဦီးရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘာသာရပ် (၇)ဘာသာဖြင့် ဖြေဆိုနိုင်ရေး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်စာရင်းများကို မေ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ငြိမ်းချမ်းဝင်း (ပြန်/ဆက်)