ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဇမ္ဗူသီရိ မေ ၆

ပြည်ထောင်စုနယ်မြေ၊ ​​နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်း၌ မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမရှိစေရေးအတွက် ပိုးလောက်လန်းသေဆေး (Abate) အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ရပ်ကွက်အတွင်းရှိ လူနေ အိမ်များ၏ သောက်သုံးရေသိုလှောင်သည့် အုတ်ကန်၊ ရေတိုင်ကီများအတွင်း ခြင်ကျားပေါက်ပွားရာနေရာမရှိစေရန် အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)