လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

လွိုင်လင် မေ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီး၊ မီးပွိုင်ရှေ့လမ်းစုံမှစတင်ကာ လူရည်ချွန်မောင်မယ်များအား ခရိုင်စီမံခန့်ခွဲမူကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင် ဦးဆောင်ကာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမူကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများနှင့် NGO အဖွဲ့အစည်းများတို့က ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

လူရည်ချွန်မောင်မယ်များမှာ အ-ထ-က (၁) လွိုင်လင်မြို့မှ G-9 ကျောင်းသူ ၁ ဦး၊ အ-ထ-က (၁) ပင်လုံမှ G-9 ကျောင်းသူ ၁ ဦး၊ G-10 ကျောင်းသား/သူ ၂ ဦး၊ G-11 ကျောင်းသား ၁ ဦး၊ G-12 ကျောင်းသူ ၁ ဦး စုစုပေါင်း(၆) ဦးတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမူးရုံးမှသိရသည်။

ခရိုင်(ပြန်/ဆက်)