ကျောက်ဆည် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၃-၂၀၂၄ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၀၆၅၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ (၁၀၇၆၇)ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၁၁၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး (၄၉၉၅၈၈၈) ပိဿာ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးနှောင်းချည်မျှင်ရှည်ဝါများကို သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းအောက်ရှိ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စုတွင် (၁၀၀၆)ဧက၊ ရွာသစ်ကျေးရွာအုပ်စုတွင် (၁၅၃)ဧက၊ ရေသရောက်ကျေးရွာအုပ်စုတွင် (၁၅၅)ဧက၊ ချောင်းဆုံကျေးရွာအုပ်စုတွင် (၁၆၀)ဧက၊ သရက်ပင်ကျေးရွာအုပ်စုတွင် (၁၃၀၀)ဧက၊ ရဲကျေးရွာအုပ်စုတွင် (၁၁၀၀)ဧက၊ ကြောင်ကျေးရွာအုပ်စုတွင် (၂၅၀)ဧက၊ ကြက်သားဟင်းကျေးရွာအုပ်စုတွင် (၁၁၀၀)ဧက၊ သင်္ဂတုံကျေးရွာအုပ်စုတွင် (၄၇)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၁၄၉)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၈၄၆)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၂၂၉၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၁၇၃)ဧက၊ ကုလားချောင်းကျေးရွာအုပ်စုတွင် (၁၄၀)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် (၆၆)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၁)ဧကနှင့် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်းအောက်ရှိ သံရွာကျေးရွာအုပ်စုတွင် (၁၁၄)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင်(၇၀၂)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင် (၇၅၇)ဧက၊ ကင်းကျေးရွာအုပ်စုတွင် (၂၂၀)ဧက စုစုပေါင်း (၁၀၇၆၇)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက (၁၀၇၆၇)ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၆၄) ပိဿာထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ (၄၉၉၅၈၈၈) ပိဿာ ထွက်ရှိကြောင်း သိရသည်။
သက်မောင်