သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

သံတွဲ မေ ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်လဲ့လဲ့ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးအောင်ကျော်သိန်း(ပညာရေး-ငြိမ်း)က ယနေ့ခေတ်တွင် အင်္ဂလိပ်စာအရေးအဖတ်အပြော စွမ်းရည်တတ်မြောက်ခြင်း၏ အရေးပါမှုများကို ပြောကြားသည်။

အဆိုပါသင်တန်းကို (၆-၅-၂၀၂၃ ရက်နေ့မှ ၃၁-၅-၂၀၂၄) ရက်နေ့ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ (အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ) သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။   

နေမျိုးအောင်