ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားစုမှ ထနောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်ကွမ်းဖလားကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး မေ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ထနောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်ကွမ်းဖလားကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း တောင်ဇင်းအုပ်စု၊ ကွမ်းဖလားကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် ထနောင်းစုကျေးရွာသို့ သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။

ဒီပါလင်း