ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

ညောင်ဦး မေ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာ/တဲတိုက်များသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများက သောက်သုံးရေလှူဒါန်းကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။

ယနေ့တွင် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းနှင့် ငါ့လင်းပုတ်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ခွေးပြုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေ (၁၆၀၀)ဂါလံနှင့် ငါ့လင်းပုတ်ကျေးရွာသူ/ကျေးရွာသားများအတွက် သောက်သုံးရေ (၁၆၀၀)ဂါလံ စုပေါင်း(၃၂၀၀) ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း