ရမည်းသင်း မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်(၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အင်ကြင်းကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံး ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီစေရန် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များက နေ့စဉ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃)မှ ပြည်သူ(၇၂၄၀)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရန်လျာထားခဲ့ရာ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)အုပ်စုအား ကွင်ဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ (၁၄၈၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)