မိတ္ထီလာ မေ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါ စိုက်ဧက ၁၅၄၄ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေ ပြည်သူများ စီးပွားရေး တွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့် သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတု ဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောင်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၁၉၅၂ဧကကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့ပြီး မိုးကြိုချည်မျှင်ရှည်ဝါများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့ မိုးကြိုချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧက ၁၅၄၄ ဧက စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)