မဟာအောင်မြေ မေ ၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးကျင်းပသော နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို အမှတ် (၁၃) (အ.ထ.က) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် တာဝန်ရှိသူများက လာရောက်ပို့ချခဲ့ပြီး ကျောင်းသား/သူများအား အာဟာရ ဖွံ့ဖြိုးရေး၊ ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ကာယနှင့်အာကစား၊ ထိခိုက်ဒဏ်ရာများ စိတ်ကျန်းမာရေး မတော်တဆဖြစ်ရပ်များနှင့် မကူးစက်တတ်သော ရောဂါများ၊ အထွေထွေ စသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုဘဝပုံစံများ ရှိစေနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းကာလများကို (၂၁.၄.၂၀၂၄) ရက်နေ့မှ (၂၁.၅.၂၀၂၄) ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ရပ်ကွက်နေ ပြည်သူလူငယ်လူရွယ်များ၊ ကျောင်းသား/သူများကိုလည်း အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း