ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့သုံးလက်နက်များကျွမ်းကျင်စွာအသုံးပြုပစ်ခတ်နိုင်ရေး (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ မေ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရဲတပ်ဖွဲ့သုံးလက်နက်များ ကျွမ်းကျင်စွာအသုံးပြုပစ်ခတ်နိုင်ရေး (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက အမှာစကားပြောကြားသည်။ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ  ရဲတပ်ဖွဲ့ဝင် ၃၀ ဦး တက်ရောက်ပြီး ရဲတပ်ဖွဲ့သုံးလက်နက်များ ကျွမ်းကျင်စွာ အသုံးပြုပစ်ခတ်နိုင်ရေး မေ ၆ ရက်မှ ၂၄ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)