တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံ နွေနှမ်း (၃၅၄၈) ဧကနှင့် စံပြကွက် (၂) ဧကနှင့် စုစုပေါင်း (၃၅၅၀) ဧက စိုက်ပျိုးပြီးစီး

တံတားဦး မေ ၆

ဒေသတွင်းဆီထွက်သီးနှံ ဖူလုံရေးနှင့် တိုးချဲ့စိုက်ပျိုးခဲ့ရာ တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံ နွေနှမ်း (၂၅၄၈) ဧကနှင့် စံပြကွက်(၂)ဧက စုစုပေါင်း(၃၅၅၀)ဧက စိုက်ပျိုး ပြီးစီးကြောင်း သိရသည်။

ဆီထွက်သီးနှံဖူလုံရေးနှင့် တိုးချဲ့စိုက်ပျိုးရာတွင် ကင်းတားရေသောက်စနစ်တွင် ကျေးရွာအုပ်စု(၉)အုပ် စိုက်ဧက (၃၀၀၀)ဧက၊ ချောင်းမနက်ရေသောက်စနစ်တွင် ကျေးရွာအုပ်စုပေါင်း (၃)အုပ်စု စိုက်ဧကပေါင်း(၁၅၀)ဧက၊ ပြူကန်ရေသောက်စနစ်တွင် ကျေးရွာအုပ်(၁)စု စိုက်ဧကပေါင်း (၁၉၈)ဧကနှင့် စံပြကွက်(၂)ဧက စုစုပေါင်း (၂၀၀)ဧကတို့ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ စံပြစမ်းသပ်ကွက် (၂)ဧကကို ပြူကန်ကျေးရွာ တောင်သူ ဦးအောင်ငွေလယ်ကွင်းတွင် ဘောင်ကြီးစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ နှမ်းများကို ရိုးရိုးကြဲပတ်စနစ်ဖြင့် တစ်ဧကို(၂) ပြည်ကုန်ကျပါကြောင်း၊ ယခုအခါ ဘောင်ကြီးစနစ်ဖြင့် စိုက်ပျိုးရာတွင်  တစ်ဧကကို (၁.၅)ပြည် ကုန်ကျပါကြောင်းနှင့် နှမ်းများကို ဆင်းရတနာ (၄)မျိုးစေ့နှင့် ကံရှိနှမ်းမျိုးကိုသာ စိုက်ပျိုးထားကြောင်းလည်း သိရသည်။

နှမ်းများ မစိုက်ပျိုးမီ မြေယာပြုပြင်ခြင်းများ ဆောင်ရွက်ရပါကြောင်း၊ ယခုအခါ ဘောင်ကြီးစနစ်ဖြင့် စိုက်ပျိုးရာ မစိုက်ပျိုးမီ စိုက်ပျိုးရန်အတွက် မြေများကို ဘောင်စတင်ရပါကြောင်း၊ ဘောင်ပြီးပါက နှမ်းမျိုးများကို စနစ်တကျ စိုက်ပျိုးရပါကြောင်း အောင်မြင်ဖြစ်ထွန်းနေသော နှမ်းကို ပိုးမွှားကင်းရှင်းရေး၊ ရေသွင်းရေထုတ်မှန်ကန်‌ရေး၊ မြေဩဇာထည့်သွင်းရာတွင်လည်း စနစ်တကျ မှန်ကန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်းပညာပေး ဆောင်ရွက်ကြောင်းနှင့် ရိတ်သိမ်းရာတွင် အလေ့အလွင့် မရှိရေးတို့ကို ဆောင်ရွက်ပေးကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၏ ထပ်ဆင့်ပြောကြားချက်အရ သိရသည် ။      

ရဲတင့် (ပြန်/ဆက်)