တောင်သာ မေ ၆
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ပိုင်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအရာများကို အသိပညာပေးဟောပြောပြီးနောက် ကိုယ်ပိုင်မူလတန်းကြိုကျောင်းမှ ဆရာမကြီး ဒေါ်သန်းသန်းချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)