မန္တလေး မေ ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အမှတ်(၂၉)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖြစ်သည့် မင်းတဲရတနာစာသင်ဝိုင်းသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ဆန်နှင့်ထောက်ပံငွေများ ပေးအပ်လှူဒါန်းပွဲကို မေလ ၄ ရက်နေ့ ညနေပိုင်းက အဆိုပါစာသင်ဝိုင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်းတဲရတနာစာဖတ်ဝိုင်းတွင် စာသင်သားများအား စာသင်ပေးနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မမ၊ နာယကအဖွဲ့ဝင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့် နာယကအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်သီတာဇင်၊ ဒေါ်စမ်းစမ်းမြင့်၊ ဒေါ်ခင်စန်းဝင်၊ ဒေါ်ဆွေဆွေ၊ ဒေါ်လှလှမြင့်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဥက္ကဋ္ဌ ဒေါ်ခင်အုန်းမြနှင့် အသင်းဝင်များက လာရောက်ကြည်ရှုအားပေးကြပြီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်နာယကအဖွဲ့ဝင်များက “မင်းတဲရတနာစာဖက်ဝိုင်း”| စာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာသင်ကြားနေသည့် စာသင်သား ၂၀ ဦးအား ဆန်း (၁)ပြည်နှင့် ငွေ ၁၀၀၀၀/-ကျပ်စီ ကူညီထောက်ပံ့ပေးကြသည်။
ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မင်းတဲရတနာစာသင်ဝိုင်းကို ဧပြီလ ၆ရက်နေ့မှ မေလ ၂၀ရက် နေ့ထိ ညနေ ၃နာရီမှ ၆ နာရီ အချိန်ထိ နေ့စဥ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)